Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၄၀) အချိန်မှ ညနေ (၁၅:၅၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ထောက်လျှာပင်ကျေး ရွာ၊ သနပ်ပင်ဆိပ်အနောက်ရွာ၊ သနပ်ပင်ဆိပ်အရှေ့ရွာ၊ မအူပင်ကျေးရွာ၊ ဆင်သေ‌ကျေးရွာ၊ ဈေးကုန်း‌ကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ နှမ်းတောကျေးရွာ၊ သကြားစက်ကျေးရွာ များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npw_apr2020

Sign Up

Upcoming Events