လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့၌ ခန္တီးမြို့နယ်၊ ဟိန်စွန်း ကျေးရွာအုပ်စု၊ ဟိန်စွန်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံးမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀ဝ/-)ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း အမိုးလန်ခြင်းအတွက် ထောက်ပံ့ငွေ(၂၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၁၀၀ဝ/-)ကျပ် တိတိအား (၂၂-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#sgg_apr2020