လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာအုပ်စု ချိုင်ဇောက်(ထ)ကျေးရွာ၌ (၂၁.၄.၂၀၁၉)ရက်နေ့၊ ညနေ(၁၇း၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၄)ဦး မ(၃)ဦး၊ စုစုပေါင်း(၇)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)၊ စုစုပေါင်း(၃၄၇၀၀ိ/-)ကို (၂၂.၄.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅း၀၀)အချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ချိုင်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_apr2020

Source:           ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events