လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ မနက်ပိုင်း (၈:၃၀)နာရီအချိန် မှ (၁၁:၃၀)နာရီအချိန်အထိ ပလောက်မြို့၊ အမှတ်(၃)-(၄)ရပ်ကွက်နှင့် ထမင်းမစားကျေးရွာ- သစ်လှတောကျေးရွာတွင် လည်းကောင်း၊ နေ့လည်ပိုင်း (၁:၀၀)နာရီအချိန်မှ (၃:၀၀)နာရီအချိန်အထိ ပုလောမြို့နယ် ပုလောကုန်းကျေးရွာ – နတ်အိမ်ကန်ကျေးရွာ- ဝက်တိုးကျေးရွာ-တောင်ပုလဲကျေးရွံာ- ဂျင့်ဂါကျေးရွာ တို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားရေးမရှိစေရန် အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#tny_apr2020