Author Archives: Department of Disaster Management

  • ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂၄-၄-၂၀၁၇) ရက်နေ့ နေ့လည်(၁၄:၂၀) တွင် ကလေးမြို့နယ် ကျေးရွာ (၉) ရွာ၌ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် စုစုပေါင်း (၃၅) လုံးအတွက် (၁) အိမ်လျှင် (၅၀၀,၀၀) ကျပ်နှုန်း နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့ကို  (၂၅-၄-၂၀၁၇) ရက်နေ့တွင် ကလေးဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အတူ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)  

  • လေဘေးထောက်ပ့ံမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု လင်းကွိကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး ၀ါးထရံကာ ပျဉ်ခင်း လူနေအိမ် (၅) လုံး အမိုးလန်ထရံပျက်စီးခဲ့ပြီး မာလာကျေးရွာအုပ်စု ခပေါ်ကျေးရွာတွင် သွပ်မိုးဝါးထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံး သစ်ပင်ပိပြိုကျပျက်စီး ခဲ့ပါသည်။ အမိုးလန်ထရံပျက်စီး အိမ်ခြေ (၅) လုံးမှ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ သစ်ပင်ပိ အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု … Read more

  • ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၂)ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌ (၂၂-၄-၂၀၁၇)ရက်နေ့ နှင့် (၂၃-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် တန်ဖိုးငွေ(၅၂၈၄၅၀)ကျပ်ရှိ ကယ်ဆယ်ရေး ပစ္စည်း(၆၅)အိမ်ထောင်စာကိုလည်ကောင်း၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆)သိန်းကိုလည်းကောင်း၊ စုစုပေါင်းငွေသား နှင့် ပစ္စည်းတန်ဖိုး(၇၁၂၈၄၅၀) (ခုနှစ်ဆယ့်တစ်သိန်းနှစ်သောင်း ရှစ်ထောင်လေးရာ ငါးဆယ်ကျပ်တိတိ)ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက(၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် … Read more

  • မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများနှင့် မီးဘေးကြောင့်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် (၂၂-၄-၂၀၁၇)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော အိမ်ခြေ (၂၄၀)လုံးမှ အိမ်ထောင်စု (၂၄၀)၊ လူဦးရေ (၁၀၆၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး သိန်း(၁၂၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၂၄၄၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ သာသနိကအဆောက် အဦ(၅)ကျောင်းအတွက် (၅၀၀၀၀၀)ကျပ် တို့အားလည်းကောင်း၊ စည်ပင်ကျေးရွာရပ်ကွက်တွင် မီးဘေး ကြောင့်ပြောင်းရွှေ့အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး တို့အားလည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်အရောက် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၊ မီးချောင်းအိုင်ကျေးရွာ၊ ဆင်ဇလုပ်ကျေးရွာအုပ်စု သရက်စိန်ကျေးရွာ၊ ကင်မွန်းအင်းကျေးရွာအုပ်စု ကျီအင်းကျေးရွာနှင့် သပြေတန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုခံရသော နေအိမ် (၃၁) လုံး အတွက် ထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်တိတိ ကို (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကန်ဇွန်းတောင့်ကျေးရွာတွင် (၂၂-၄-၂၀၁၇)ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀)ကျပ်တို့ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်လေဘေးထောက်ပံ့မှုသတင်း

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် (၂၃-၄-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် (၁၇)လုံးအမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် အိမ်ခြေများမှ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမိုးလန်နေအိမ် (၁၇)လုံးအတွက် တစ်အိမ်လျှင် (၁၀၀၀၀၀)ကျပ်စီနှင့် (၁၇၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ထိခိုက်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းအတွက် (၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၃၃၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၃၃၁၀၀)ကျပ်ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events