ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု လင်းကွိကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး ၀ါးထရံကာ ပျဉ်ခင်း လူနေအိမ် (၅) လုံး အမိုးလန်ထရံပျက်စီးခဲ့ပြီး မာလာကျေးရွာအုပ်စု ခပေါ်ကျေးရွာတွင် သွပ်မိုးဝါးထရံကာ ၀ါးခင်းလူနေအိမ် (၁) လုံး သစ်ပင်ပိပြိုကျပျက်စီး ခဲ့ပါသည်။ အမိုးလန်ထရံပျက်စီး အိမ်ခြေ (၅) လုံးမှ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ သစ်ပင်ပိ အိမ်ထောင်စု (၁) စုအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၀) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃,၀၀၀ိ/-)ကျပ်၊ အမိုးလန်ထရံပျက်စီး အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀ိ/-)ကျပ်နှင့် သစ်ပင်ပိအိမ်ခြေ (၁) လုံး အတွက်ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/)ကျပ၊် စုစုပေါင်း ( ၄၁၃,၀၀၀ိ/-)ကျပ် တို့အား (၂၅-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)