ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၂)ကျေးရွာ၊ မယ်ကြုတ်ကျေးရွာ၊ မဟုန်ကန်ကျေးရွာ၊ အဟုန်လွယ်ကျေးရွာ၊ ဖားမိုက်ကျေးရွာနှင့် ဟွေဖော်ကျေးရွာတို့၌ (၂၂-၄-၂၀၁၇)ရက်နေ့ နှင့် (၂၃-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၆၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် တန်ဖိုးငွေ(၅၂၈၄၅၀)ကျပ်ရှိ ကယ်ဆယ်ရေး ပစ္စည်း(၆၅)အိမ်ထောင်စာကိုလည်ကောင်း၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆)သိန်းကိုလည်းကောင်း၊ စုစုပေါင်းငွေသား နှင့် ပစ္စည်းတန်ဖိုး(၇၁၂၈၄၅၀) (ခုနှစ်ဆယ့်တစ်သိန်းနှစ်သောင်း ရှစ်ထောင်လေးရာ ငါးဆယ်ကျပ်တိတိ)ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက(၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။