စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျွဲခြံကျေးရွာတွင် (၂၀-၃-၂၀၁၇)ရက်နေ့မှ (၁၉-၄-၂၀၁၇) ရက်နေ့ထိ ရွှေလီမြစ်ရေကြောင့် ကမ်းပါးပြိုကျနိုင်သည့် အတွက် ကြိုတင်ဖျက်သိမ်းအိမ်(၈)လုံးမှ အိမ်ထောင်စု(၈)စုအား ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။