Author Archives: Department of Disaster Management
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် (၇-၆-၂၀၁၇)ရက်နေ့က ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ကြက်ခြေနီအသင်းနှင့် ဘိုကလေးမြို့အခြေပြု INGOs, NGOs များနှင့် ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဘိုကလေးမြို့ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့နှင့် အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုတို့တွင် ပိုမို အားကောင်းစေရန် ကျင်းပခြင်းဖြစ်ပြီး တက်ရောက်သူဦးရေ(၈၅)ဦးရှိကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ကွမ်းအစ်ကုန်းအုပ်စု၊ ရေလည်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုများရှိ ကျေးရွာ (၈) ရွာတွင် (၃၁-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ထောင်စု (၁၀) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ ဘေးသင့်လူဦးရေ ( ၅၆ ) ဦးအတွက်ဆန်ရိက္ခာဖိုး (၁၁၇,၆၀၀ိ/-) ကျပ်နှင့် မိုးကြိုးထိမှန်သေဆုံးပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် လက်ပန်ခြေပေါ်ကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာရှိ အိမ်ခြေ (၉၀) လုံး၊ အိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၄၄၅) ဦးတို့ အတွက် (၁) အိမ်လျှင်သောက်ရေသန့် (၂၀) လီတာဘူး (၃) ဘူးနှုန်းဖြင့် အိမ်ခြေ (၉၀) စာ သောက်ရေသန့် (၂၇၀) ဘူး၊ စုစုပေါင်းတန်ဖိုးငွေ (၈၁,၀၀၀) ကျပ်တို့အား (၆.၆.၂၀၁၇) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထန်းတပင်မြို့နယ်တွင် မိုးကြိုးထိမှန်သေဆုံးသူ၏ မိသားစုဝင်များအားထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ချောင်စုကျေးရွာတွင် နေထိုင်သော ဦးသောင်းအေး (ဘ)ဦးထေထေ အသက်(၅၇)နှစ်သည် လယ်ထွန်နေစဉ် မိုးကြိုးထိမှန် ၍သေဆုံးခဲ့သောကြောင့် သေဆုံးသူ၏ သမီးဖြစ်သူ မနီနီနန်းခိုင်အား သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၆-၆-၂၀၁၇)ရက်နေ့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လှိုင်မြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောနေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် (၄-၆-၂၀၁၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်ပျက်စီးသွားသော ရပ်ကွက် (၁၊၂၊၃၊၄၊၅၊၆၊၇၊၉၊၁၀၊၁၁) တို့မှ အိမ်ခြေ(၁၉၁)လုံး၊ အိမ်ထောင်စု (၂၄၁)စု၊ လူဦးရေ (၁၃၇၃)ဦးတို့အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁)အိမ်လျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ခြေ(၁၉၁)လုံးစာ စုစုပေါင်း(၉၅၅၀၀၀၀)ကျပ်တို့ကို (၆-၆-၂၀၁၇)ရက်နေ့က ချောင်းဝဘုန်းတော်ကြီးကျောင်း၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၆)ရက် နေ့၊ နေ့လည်(၁၅:၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Women အဖွဲ့အစည်းမှ Regional director ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း( ၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (2013-2022) NSPAW အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၇)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းဘုန်းတော်ကြီးကျောင်း ပရဟိတဂေဟာတွင် ကိုရင်များ၊ မယ်သီလရှင်များ၊ ကျောင်းသား/သူ များစုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ခေါက်ဆွဲခြောက်များ၊ အဝတ်အထည်များလည်းဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၇)ရက်နေ့တွင် ရွှေကူမြို့နယ်၊ အမှတ်(၃)/(၄) ရက်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၈) လုံး၊ လုံးဝပျက်စီးနေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၉) လုံးနှင့် တောပုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၇၃၂,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၅,၁၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီတို့အား (၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် မီးလောင်ကျွမ်းမှုထောက်ပံ့ခြင်း
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၃)ရပ်ကွက်တွင် (၆-၆-၂၀၁၇)ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)လုံးပျက်စီးခဲ့ကာ အိမ်ထောင်စု(၁၈)စု မီးဘေး သင့်ခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုခံစားခဲ့ရသော အိမ်ထောင်စုများမှ ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူ များသည် (၆-၆-၂၀၁၇)ရက်နေ့တွင် နေ့ချင်းသွားရောက်ထောက်ပံ့ခဲ့ရာ ပျက်စီးသွား သောအိမ်ခြေ (၃)လုံးအတွက် ထောက်ပံ့ငွေကျပ် (၄၀၀၀၀၀)ကိုလည်းကောင်း၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၆၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၁၃၂၃၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ ဒဏ်ရာရလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉းဝ၀)နာရီအချိန်တွင် ရွှေကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဦးစီးမှူးမှသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မှတ်တမ်းဗီဒီယိုပြသခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၅၆) ဦးခန့်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းနည်းပြများနှင့် INGO အဖွဲ့အစည်းများမှတာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး (၆-၆-၂၀၁၇)ရက်နေ့မှ (၁၀-၆-၂၀၁၇)ရက်နေ့ထိ (၅) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
