ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၇)ရက်နေ့တွင် ရွှေကူမြို့နယ်၊ အမှတ်(၃)/(၄) ရက်ကွက်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၈) လုံး၊ လုံးဝပျက်စီးနေအိမ် (၁) လုံး၊ စုစုပေါင်း နေအိမ် (၉) လုံးနှင့် တောပုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ (၇၃၂,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၆၅,၁၀၀ိ/-)ကျပ်နှင့် အိမ်ထောင်စု (၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီတို့အား (၆-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)