လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ဇွန်လ(၆)ရက် နေ့၊ နေ့လည်(၁၅:၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Women အဖွဲ့အစည်းမှ Regional director ဖြစ်သူ Ms. Miwa Kato ဦးဆောင်သောအဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း( ၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (2013-2022) NSPAW အကောင်အထည်ဖော် ဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်းရှိ အမျိုးသမီးများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကဏ္ဍတိုးတက်ရေး အတွက်လိုအပ်သည်များကို ကူညီပံ့ပိုးပေးနေသည့် အခြေအနေများ၊ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များအပေါ် National Strategic Plan for Advancement of Women (2013-2022) (NSPAW) အကောင်အထည်ဖော်မှုကိစ္စများ၊ Gender Responsive Budget နှင့်ပတ်သက်၍ အာဆီယံနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ တွင် ကူညီဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အိမ်အကူလုပ်သားများနှင့်သက်ဆိုင်သည့် လေ့လာတွေ့ရှိချက် များကို ရှင်းလင်းတင်ပြမည့်အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။