သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း

6 pic 01ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉းဝ၀)နာရီအချိန်တွင် ရွှေကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဦးစီးမှူးမှသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မှတ်တမ်းဗီဒီယိုပြသခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၅၆) ဦးခန့်အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မီးသတ်ဦးစီးဌာန၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းနည်းပြများနှင့် INGO အဖွဲ့အစည်းများမှတာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး (၆-၆-၂၀၁၇)ရက်နေ့မှ (၁၀-၆-၂၀၁၇)ရက်နေ့ထိ (၅) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events