ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၇)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းဘုန်းတော်ကြီးကျောင်း ပရဟိတဂေဟာတွင် ကိုရင်များ၊ မယ်သီလရှင်များ၊ ကျောင်းသား/သူ များစုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ခေါက်ဆွဲခြောက်များ၊ အဝတ်အထည်များလည်းဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး(ကဆရ)