ထန်းတပင်မြို့နယ်တွင် မိုးကြိုးထိမှန်သေဆုံးသူ၏ မိသားစုဝင်များအားထောက်ပံ့မှုသတင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုန်းလှည်းဆိပ်ကျေးရွာအုပ်စု၊ ချောင်စုကျေးရွာတွင် နေထိုင်သော ဦးသောင်းအေး (ဘ)ဦးထေထေ အသက်(၅၇)နှစ်သည် လယ်ထွန်နေစဉ် မိုးကြိုးထိမှန် ၍သေဆုံးခဲ့သောကြောင့် သေဆုံးသူ၏ သမီးဖြစ်သူ မနီနီနန်းခိုင်အား သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် (၆-၆-၂၀၁၇)ရက်နေ့က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events