လေဘေးထောက်ပံ့မှုသတင်း

7 pic 01ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ကွမ်းအစ်ကုန်းအုပ်စု၊ ရေလည်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုများရှိ ကျေးရွာ (၈) ရွာတွင် (၃၁-၅-၂၀၁၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊အိမ်ထောင်စု (၁၀) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ ဘေးသင့်လူဦးရေ ( ၅၆ ) ဦးအတွက်ဆန်ရိက္ခာဖိုး (၁၁၇,၆၀၀ိ/-) ကျပ်နှင့် မိုးကြိုးထိမှန်သေဆုံးပြည်သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၀,၁၇,၆၀၀ိ/-)ကျပ်တို့အား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events