ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ အမှတ် (၃)ရပ်ကွက်တွင် (၆-၆-၂၀၁၇)ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃)လုံးပျက်စီးခဲ့ကာ အိမ်ထောင်စု(၁၈)စု မီးဘေး သင့်ခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုခံစားခဲ့ရသော အိမ်ထောင်စုများမှ ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူ များသည် (၆-၆-၂၀၁၇)ရက်နေ့တွင် နေ့ချင်းသွားရောက်ထောက်ပံ့ခဲ့ရာ ပျက်စီးသွား သောအိမ်ခြေ (၃)လုံးအတွက် ထောက်ပံ့ငွေကျပ် (၄၀၀၀၀၀)ကိုလည်းကောင်း၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၆၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေကျပ်(၁၃၂၃၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ ဒဏ်ရာရလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၃၂၃၀၀)ကျပ်တို့ကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။