ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် (၇-၆-၂၀၁၇)ရက်နေ့က ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ကြက်ခြေနီအသင်းနှင့် ဘိုကလေးမြို့အခြေပြု INGOs, NGOs များနှင့် ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဘိုကလေးမြို့ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့နှင့် အပြန်အလှန် ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုတို့တွင် ပိုမို အားကောင်းစေရန် ကျင်းပခြင်းဖြစ်ပြီး တက်ရောက်သူဦးရေ(၈၅)ဦးရှိကြောင်း သတင်းရရှိပါသည်။