Author Archives: Department of Disaster Management

  • မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးမူဝါဒကိုထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသဖြင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ (၂၆-၆-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သောအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမိန့်ကြားခဲ့သည့်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်သောမူးယစ်ဆေးဝါးသုံးစွဲသူများကိုဆေးကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပြည်သူများပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၉-၆ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာနှင့် နံကပ်ပြင်စုကျေးရွာတို့တွင် (၂၄.၆.၂၀၁၈)နေ့ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၀၂) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၈၁၄၂၀၀)ကျပ်အား အင်္ဂပူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာ၌ (၂၇.၆.၂၀၁၈)ရက်နေ့၊ (၁၁း၃၀)နာရီအချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၂၁၀၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၁၀၀၀၀ိ/-)ကျပ်အား (၂၉.၆.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးလောင်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ #ha_rbe #mgy_jun2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦလွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

      (၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၈:ဝ၀) နာရီတွင် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ၌ ACTION CONTRE LA FAIM(ACF) မှ ဆောက်လုပ်လှူဒါန်းသော Cyclone Shelter Handover Ceremony (မုန်တိုင်းဘေးဒဏ်ခံအဆောက်အဦ) လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးကျော်မင်းမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2018Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင် ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာအုပ်စု ၊ ကွေ့ထောင်ကျေးရွာတို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် (၁၈.၆.၂၀၁၈)နေ့ရက်၊ (၁၂:၃၀) နာရီအချိန်၌ လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ဗလဘကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀)ကျပ် … Read more

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် ပေါင်မြို့နယ် ၊ မုတ္တမကျေးရွာ အုပ်စု၌ (၁၇-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျအိမ်ထောင်စု (၃) စုအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် (၂) အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ စုစုပေါင်း (၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ … Read more

  • ရေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းတုန်းမြို့နယ်တွင် (၁၂.၆.၂၀၁၈) ရက်နေ့၊ (၁၄:ဝဝ) အချိန်မှ (၆:၄၅) အချိန်အတွင်း ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမျော နေအိမ် (၄) လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၃) လုံး၊ စုစုပေါင်းနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၇) ဦး … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှာတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စု၊ ဘွဲ့ကျေးရွာတွင် (၁၂.၆.၂၀၁၈) ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်၌ တညောင်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနိုင်သဖြင့်နေအိမ် (၁) လုံးအား ကြိုတင်ဖျက်သိမ်းခဲ့ပြီး အိမ်ထောင် (၂) စုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃၁၀၀) ကျပ်၊ ဖျက်သိမ်းနေအိမ် (၁) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ရုံးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ င‌ပွေးတန်းစာဖြူ ကျေးရွာအုပ်စု၊ င‌ပွေးတန်း‌ကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် လေ‌ဘေးဖြစ်ပွားခဲ့ရာပြိုလဲ‌နေအိမ် (၁) လုံး၊ အိမ်‌‌ထောင်စု (၁) စုအတွက် ကယ်ဆယ်‌‌ရေးပစ္စည်း(၁၆) မျိုး၊ အိမ်‌‌ဆောက်ပစ္စည်းဖိုး‌ငွေကျပ်(၁၀၀၀၀၀) ကျပ် ၊ ဆန်ဖိုး‌ငွေ (၂၁၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ‌ရှေ့‌မှောက်တွင်သွား‌ရောက်‌‌ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw ayy_jun2018   Source: ဖျာပုံခရိုင်ရုံးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာ‌ပေးဟောပြောခြင်းသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၆-၂၀၁၈) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ် (အ-ထ-က ၄) ကျောင်းခန်းမ၌ ကျောင်းသား/သူ (၃၁၀) ဦးအား ရေဘေး၊ မြေပြိုတောင်ပြိုဘေးဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2018 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events