လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းတုန်းမြို့နယ်တွင် (၁၂.၆.၂၀၁၈) ရက်နေ့၊ (၁၄:ဝဝ) အချိန်မှ (၆:၄၅) အချိန်အတွင်း ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမျော နေအိမ် (၄) လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၃) လုံး၊ စုစုပေါင်းနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၂၇) ဦး ဘေးသင့်ခဲ့ပြီး လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၆၇၀၀) ကျပ်၊ နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ် ၊ စုစုပေါင်း ရန်ပုံငွေ (၇၅၆၇၀၀) ကျပ်၊ ရေမျောအိမ်ထောင်စု (၄) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား (၁၆.၆.၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fld
#mgy_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)