
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၉-၆ -၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာနှင့် နံကပ်ပြင်စုကျေးရွာတို့တွင် (၂၄.၆.၂၀၁၈)နေ့ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၀၂) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၈၁၄၂၀၀)ကျပ်အား
အင်္ဂပူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jun2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)