ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

29 Pic 01

မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာ၌ (၂၇.၆.၂၀၁၈)ရက်နေ့၊ (၁၁း၃၀)နာရီအချိန်တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၁၀၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇) ရက်စာ(၂၁၀၀၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀၀ိ/-)၊ စုစုပေါင်း(၂၁၁၀၀၀၀ိ/-)ကျပ်အား (၂၉.၆.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးလောင်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

#ha_rbe
#mgy_jun2018

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events