ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

18 pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် ပေါင်မြို့နယ် ၊ မုတ္တမကျေးရွာ အုပ်စု၌ (၁၇-၆-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျအိမ်ထောင်စု (၃) စုအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် (၂) အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ စုစုပေါင်း (၁၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၁၅၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၃၁၅၀၀) ကျပ်တို့အား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ (၁၇-၆-၂၀၁၈) ရက်နေ့တွင် ကနဦး ထောက်ပံ့ပေးအပ်ခဲ့ပြီး ၊ (၁၈-၆-၂၀၁၈) ရက်နေ့တွင် ပြိုကျနေအိမ် (၃) အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ (၃) အိမ်ထောင်စာ၊ အမိုးလန်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၂) အိမ်ထောင်စာတို့အား ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် (၁၈-၆-၂၀၁၈) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#mon_jun2018

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events