လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ရုံးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်လတ်မြို့နယ်၊ ငပွေးတန်းစာဖြူ ကျေးရွာအုပ်စု၊ ငပွေးတန်းကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် လေဘေးဖြစ်ပွားခဲ့ရာပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀၀) ကျပ် ၊ ဆန်ဖိုးငွေ (၂၁၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင်သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
ayy_jun2018
Source: ဖျာပုံခရိုင်ရုံးဦးစီးမှူးရုံး(ဘစမ)