လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မီးလောင် ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာ၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာနှင့် ကွေ့ထောင့်ကျေးရွာအုပ်စု ၊ ကွေ့ထောင်ကျေးရွာတို့တွင် မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် (၁၈.၆.၂၀၁၈)နေ့ရက်၊ (၁၂:၃၀) နာရီအချိန်၌ လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ဗလဘကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀)ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ် ၊ကွေ့ထောင့်ကျေးရွာ ကြိုတင် ဖျက်သိမ်းပြောင်းရွေ့လူနေအိမ်(၇) လုံး အိမ်ထောင်စု (၇) စု၊လူဦးရေ (၃၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုး (၆၉၃၀၀) ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ မီးလောင်ကျွန်းကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စု၊လူဦးရေ (၄၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုး (၁၀၀၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၁၈၈၉၀၀၀) ကျပ်အား (၁၉.၆.၂၀၁၈) ရက်နေ့ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ha_rbe
mgy-jun2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)