လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှာတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စု၊ ဘွဲ့ကျေးရွာတွင် (၁၂.၆.၂၀၁၈) ရက်နေ့၊ (၁၃:ဝဝ) နာရီအချိန်၌ တညောင်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနိုင်သဖြင့်နေအိမ် (၁) လုံးအား ကြိုတင်ဖျက်သိမ်းခဲ့ပြီး အိမ်ထောင် (၂) စုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃၁၀၀) ကျပ်၊ ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၁၂၃၁၀၀) ကျပ်နှင့် ဖျက်သိမ်းအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၁၆.၆.၂၀၁၈) ရက် နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha-rbe
#mgy_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)