Author Archives: RRD
-
လူငယ်မူဝါဒရေးဆွဲရန် လူငယ်အားလုံးပါဝင်နိုင်ရေးနှင့် ရေးဆွဲမည့်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးဆောင်ရွက်လျက်ရှိ
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင်လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၁)နိုင်ငံရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါသည်။ လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင်လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆို ချက်များ၊ အမြင်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် လူငယ်မူဝါဒအား ရေးဆွဲဆောင်ရွက်ရန် လိုအပ်လာပါသည်။ လူငယ်မူဝါဒေရးဆွဲပြဌာန်းနိုင်ခြင်းဖြင့် လူငယ်ထုအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများစနစ်တကျ ေဆာင်ရွက်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များတစ်တပ်တစ်အား ပါဝင်လာနိုင်မည် ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင် ဆန်ရိက္ခာထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် (၁၁-၇-၂၀၁၆) ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့အထိ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၂၈)စုမှ လူဦးရေ (၁၃၅)ဦး အတွက် ဆန်ရိက္ခာ(၃)ရက်စာ ရန်ပုံငွေကျပ် (၁၂၁၅၀၀)အား (၁၅-၇-၂၀၁၆)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မြစ်ကြီးမြို့တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် (၁၄-၇-၂၀၁၆)ရက်နေ့(၀၉ဝ၀)အချိန်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း မှတ်တမ်းဗီဒီယိုဖိုင်များပြသခဲ့ပြီး၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များမှ စေတနာ့ဝန်ထမ်းလူငယ်များအား ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများကို ဝန်ကြီးက ပေးအပ်ခဲ့ပါသည်။ ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေများ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ အရေးပေါ်အခြေအနေတွင် ကယ်ဆယ်ရေးကူညီထောက်ပံ့မှု လုပ်ငန်းများ သဘာဝဘေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များဖွဲ့စည်းထားမှုတို့ကိုဆွေးနွေးခဲ့ပါသည်။ ထို့အပြင် မီးသတ်ပြည်နယ်ဦးစီးမှူး၊ … Read more
-
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ထင်းတန်းရပ်ကွက်မှ နေအိမ် (၂) လုံး၊ နန်းဦးရွာမှ နေအိမ် (၄) လုံး၊ သဲအင်းရွာမှ နေအိမ် (၁) လုံး၊ ပခန်းငယ်ရွာမှ နေအိမ် (၁၄) လုံး၊ ကွေ့ဒေါင့်ရွာမှ နေအိမ် (၂၁) လုံး၊ ကြောမကျားရွာမှ နေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၄၄) လုံး အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၁၈၉) ဦးတို့ကို ဘေးလွတ်ကင်းသောနေရာသစ်သို့ (၁၂-၇-၂၀၁၆) … Read more
-
လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းရွာနှင် ဒေါင့်ကွေးရွာတို့ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၄-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းရွာနှင့် ဒေါင့်ကွေးရွာ တို့တွင် (၁၃- ၇-၂၀၁၆) ရက်နေ့၌ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျအိမ် (၁) လုံးအတွက် (၅၀,၀၀၀/-)ကျပ်၊ အမိုးလန် (၂၈) လုံးအတွက် (၅၆၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၄၀) ဦးအတွက် ဆန် (၃) ရက်စာဖိုး (၁၂၆,၀၀၀/-) ကျပ်၊ စုစုပေါင်း (၇၃၆,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) … Read more
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကန်ဘက်အုပ်စု၊ ကွင်းကောက်မြောက်အုပ်စုနှင့် သက္ကယ်ပြင် (သံ) အုပ်စုတို့၌ ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကန်ဘက်အုပ်စု၊ ကွင်းကောက်မြောက်အုပ်စုနှင့် သက္ကယ်ပြင် (သံ) အုပ်စုတို့၌ (၁၁-၇-၂၀၁၆) ရက်နေ့နှင့် (၁၂-၇-၂၀၁၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၁၈) လုံး ဘေးသင့်လူဦးရေ (၅၃) ဦးနှင့် (၄-၇-၂၀၁၆) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၂) လုံး၊ စုစုပေါင်းရွှေ့ပြောင်းအိမ်ခြေ (၂၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) လုံးလျှင် (၂၀၀၀၀) ကျပ်နှစ်သောင်းနှုန်းဖြင့် (၄၀၀၀၀၀) ကျပ်လေးသိန်းတိတိ၊ ဆန်ဖိုး ၃ရက်စာ (၅၃) ဦးအတွက် (၄၇၇၀၀) … Read more
-
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက် “Contigency Plan” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှု သတင်း
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက် “Contigency Plan” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၄-၇-၂၀၁၆)ရက်နေ့၊ (၉းဝ၀)နာရီအချိန်တွင် ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့် မိန့်ခွန်း ပြောကြားကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးချွန်ဟရဲက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ပြည်နယ်/မြို့နယ်ဌာနဆိုင်ရာများ၊ UN/NGO/INGOs, MNGO,CSO အဖွဲ့ အစည်းများနှင့် ဖိတ်ကြားသည့် တက်ရောက်လာသူ စုစုပေါင်း (၁၀၀) ကျော်ခန့်ရှိပါကြောင်းနှင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးတွင် ရေနစ်သေဆုံးသူအား ထောက်ပံ့ပေးမှု သတင်း
(၁၄-၇-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးတွင် ရေနစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၁) သိန်းကျပ်ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု ၊ ဓမ္မရက္ခိတကျေးရွာ လေဘေး ထောက်ပံ့မှုသတင်း
(၉.၇.၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ မဂူကျေးရွာအုပ်စု ၊ ဓမ္မရက္ခိတကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် အိမ်ခြေ (၅) လုံး ပျက်စီးမှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၆) ရက်နေ့တွင် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုးငွေ (၃)ရက်စာ (၁၂၆၀၀) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) သည် (JICA) ကြိုတင်သတိပေး စနစ် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ဆွေးနွေးပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးသည် (JICA) ကြိုတင်သတိပေးစနစ်မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ၂၀၁၆ခုနှစ်၊ မေလတွင် ဖြစ်ပေါ်ခဲ့သော ရွန်နုမုန်တိုင်း အပေါ်အခြေခံကာ အဖွဲ့အစည်းအလိုက် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲအား ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် (၁၃-၇-၂၀၁၆) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၄:ဝ၀) နာရီအချိန် အထိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို တာဝန်ခံဆောင်ရွက်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃)ဦး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၁) ဦး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ (၂) … Read more
