
(၁၄-၇-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းရွာနှင့် ဒေါင့်ကွေးရွာ တို့တွင် (၁၃- ၇-၂၀၁၆) ရက်နေ့၌ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျအိမ် (၁) လုံးအတွက် (၅၀,၀၀၀/-)ကျပ်၊ အမိုးလန် (၂၈) လုံးအတွက် (၅၆၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၄၀) ဦးအတွက် ဆန် (၃) ရက်စာဖိုး (၁၂၆,၀၀၀/-) ကျပ်၊ စုစုပေါင်း (၇၃၆,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)