ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် (၁၄-၇-၂၀၁၆)ရက်နေ့(၀၉ဝ၀)အချိန်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း မှတ်တမ်းဗီဒီယိုဖိုင်များပြသခဲ့ပြီး၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များမှ စေတနာ့ဝန်ထမ်းလူငယ်များအား ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများကို ဝန်ကြီးက ပေးအပ်ခဲ့ပါသည်။ ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေများ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ အရေးပေါ်အခြေအနေတွင် ကယ်ဆယ်ရေးကူညီထောက်ပံ့မှု လုပ်ငန်းများ သဘာဝဘေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များဖွဲ့စည်းထားမှုတို့ကိုဆွေးနွေးခဲ့ပါသည်။
ထို့အပြင် မီးသတ်ပြည်နယ်ဦးစီးမှူး၊ မိုးလေ၀သနှင့် ဇလဗေဒပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာZလွန်းခေါင်တို့က ဘာသာရပ်အလိုက် ဆွေးနွေးခဲ့ကြပြီး မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးနှင့် မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြရာ တက်ရောက်သူများက လက်တွေ့ငြိမ်းသတ်ခဲ့ကြပါသည်။
အစီအစဉ်အရတက်ရောက်လာသောဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် မြစ်ကြီးနားမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ပေးအပ်ကာအခြေခံပညာကျောင်းများတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။