ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကန်ဘက်အုပ်စု၊ ကွင်းကောက်မြောက်အုပ်စုနှင့် သက္ကယ်ပြင် (သံ) အုပ်စုတို့၌ (၁၁-၇-၂၀၁၆) ရက်နေ့နှင့် (၁၂-၇-၂၀၁၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၁၈) လုံး ဘေးသင့်လူဦးရေ (၅၃) ဦးနှင့် (၄-၇-၂၀၁၆) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၂) လုံး၊ စုစုပေါင်းရွှေ့ပြောင်းအိမ်ခြေ (၂၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) လုံးလျှင် (၂၀၀၀၀) ကျပ်နှစ်သောင်းနှုန်းဖြင့် (၄၀၀၀၀၀) ကျပ်လေးသိန်းတိတိ၊ ဆန်ဖိုး ၃ရက်စာ (၅၃) ဦးအတွက် (၄၇၇၀၀) တို့အား ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက အင်္ဂပူမြို့နယ် ထွေ/အုပ်မှတဆင့် ပြည်သူလက်ဝယ်သို့ (၁၄-၇-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)