လူငယ်မူဝါဒရေးဆွဲရန် လူငယ်အားလုံးပါဝင်နိုင်ရေးနှင့် ရေးဆွဲမည့်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးဆောင်ရွက်လျက်ရှိ

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင်လူငယ်မူဝါဒ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် နိုင်ငံပေါင်း(၃၁)နိုင်ငံရှိရာတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပါသည်။ လူငယ်မူဝါဒရေးဆွဲနိုင်ခြင်းမရှိသည့် နိုင်ငံများတွင်လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆို ချက်များ၊ အမြင်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိသောကြောင့် လူငယ်မူဝါဒအား ရေးဆွဲဆောင်ရွက်ရန် လိုအပ်လာပါသည်။ လူငယ်မူဝါဒ‌ေရးဆွဲပြဌာန်းနိုင်ခြင်းဖြင့် လူငယ်ထုအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများစနစ်တကျ‌ ေဆာင်ရွက်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များတစ်တပ်တစ်အား ပါဝင်လာနိုင်မည် ဖြစ်ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များကိုယ်တိုင်ပါဝင်၍ မြန်မာနိုင်ငံလူငယ်မူဝါဒကို ရေးဆွဲမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးအဆင့် ဆွေးနွေးပွဲကို (၉.၅.၂၀၁၆)ရက်နေ့တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များဖွဲ့စည်းနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဥ်များအားဆွေးနွေးခဲ့ကြပါသည်။မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေးဗဟိုကော်မတီဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ (၁၃.၆.၂၀၁၆) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆)ဖြင့် မြန်မာနိုင်ငံလူငယ်မူဝါဒရေးဆွဲရေး ဗဟိုကော်မတီ အား ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်‌ေနရာချထားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး၊ြပည်နယ်များမှ လူငယ်ဖိုရမ်ဆွေးနွေးပွဲကျင်းပရေးလုပ်ငန်း အဖွဲ့ဝင် ကိုယ်စားလှယ်များပါဝင်သော လူငယ်မူဝါဒရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးအား (၃၀.၆.၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ြပန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးမှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အစည်းအဝေးများ၊ ဖိုရမ်များကျင်းပပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လူငယ်ကိုယ်စားလှယ်များကို လူငယ်များကိုယ်တိုင် ရွေးချယ်ပေးပို့ရန်နှင့် လူငယ်မူဝါဒတွင် ထည့်သွင်းရေးဆွဲလိုသည့် အချက်အလက်များကို (၂၀.၉.၂၀၁၆)ရက်နေ့အရောက်ပေးပို့ရန်ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါ ရွေးချယ်ပေးပို့လာသည့် လူငယ်ကိုယ်စားလှယ်များကို ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းမည်ဖြစ်ပါသည်။၂၀၁၆ခုနှစ် ဇူလိုင်လ(၁၄)ရက်နှင့် (၁၅)ရက်နေ့တို့တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌တိုင်းဒေသကြီး၊ ြပည်နယ်များမှ လူငယ်ဖိုရမ်ဆွေးနွေးပွဲကျင်းပရေးလုပ်ငန်းအဖွဲ့ဝင်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး မိမိတို့၏တိုင်းဒေသကြီး၊ ြပည်နယ်အတွင်းရှိလူငယ်များအား ကော်မတီများသီးသီးတွင် ပါဝင်နိုင်ရေးအတွက် ရွေးချယ်နိုင်ရေးနှင့် လူငယ်မူဝါဒနှင့်ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၄င်းလုပ်ငန်းစဥ်များအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် ၂၀၁၆ခုနှစ်၊ ဇူလိုင်လ၊သြဂုတ်လ၊ စက်တင်ဘာလများအတွင်းတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြုသည့် လူငယ်ကိုယ်စားလှယ် များ ရွေးချယ်မှုနှင့် လူငယ်မူဝါဒတွင်ထည့်သွင်းရေးဆွဲလိုသည့် အချက်အလက်များကိုတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆွေးနွေးပွဲများကျင်းပပြီး ရွေးချယ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events