ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု ၊ ဓမ္မရက္ခိတကျေးရွာ လေဘေး ထောက်ပံ့မှုသတင်း

(၉.၇.၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ မဂူကျေးရွာအုပ်စု ၊ ဓမ္မရက္ခိတကျေးရွာ၌ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် အိမ်ခြေ (၅) လုံး ပျက်စီးမှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၆) ရက်နေ့တွင် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၅) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ဖိုးငွေ (၃)ရက်စာ (၁၂၆၀၀) ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events