ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ) သည် (JICA) ကြိုတင်သတိပေး စနစ် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ဆွေးနွေးပွဲကျင်းပမှုသတင်း

a2

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးသည် (JICA) ကြိုတင်သတိပေးစနစ်မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ၂၀၁၆ခုနှစ်၊ မေလတွင် ဖြစ်ပေါ်ခဲ့သော ရွန်နုမုန်တိုင်း အပေါ်အခြေခံကာ အဖွဲ့အစည်းအလိုက် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲအား ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် (၁၃-၇-၂၀၁၆) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၄:ဝ၀) နာရီအချိန် အထိ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို တာဝန်ခံဆောင်ရွက်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃)ဦး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၁) ဦး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ (၂) ဦး၊ (JICA) အဖွဲ့အစည်းမှ (၃) ဦးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events