ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း စီမံချက် “Contigency Plan” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၄-၇-၂၀၁၆)ရက်နေ့၊ (၉းဝ၀)နာရီအချိန်တွင် ဟားခါးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့် မိန့်ခွန်း ပြောကြားကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးချွန်ဟရဲက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ပြည်နယ်/မြို့နယ်ဌာနဆိုင်ရာများ၊ UN/NGO/INGOs, MNGO,CSO အဖွဲ့ အစည်းများနှင့် ဖိတ်ကြားသည့် တက်ရောက်လာသူ စုစုပေါင်း (၁၀၀) ကျော်ခန့်ရှိပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား (၁၄-၇-၂၀၁၆) ရက်နေ့မှ (၁၅-၇-၂၀၁၆ ) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)