မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ထင်းတန်းရပ်ကွက်မှ နေအိမ် (၂) လုံး၊ နန်းဦးရွာမှ နေအိမ် (၄) လုံး၊ သဲအင်းရွာမှ နေအိမ် (၁) လုံး၊ ပခန်းငယ်ရွာမှ နေအိမ် (၁၄) လုံး၊ ကွေ့ဒေါင့်ရွာမှ နေအိမ် (၂၁) လုံး၊ ကြောမကျားရွာမှ နေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၄၄) လုံး အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၁၈၉) ဦးတို့ကို ဘေးလွတ်ကင်းသောနေရာသစ်သို့ (၁၂-၇-၂၀၁၆) ရက်နေ့တွင် ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။
အဆိုပါကမ်းပြိုဘေးသင့်ပြည်သူများအတွက် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများသည် (၁၄-၇-၂၀၁၆) ရက်နေ့၊ (၁ဝ:၃၀) နာရီအချိန်တွင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄၅) အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာဖိုးငွေ (၁၃၆၈၀၀) တို့ကို ရေစကြိုမြို့နယ်ထွေ/အုပ်မှတဆင့် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)