Author Archives: RRD
-
ဇေယျာသီရိမြို့နယ်စည်ပင်ကြီးကျေးရွာတွင် ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) (၁၈.၁၀.၂၀၁၆) ရက်နေ့တွင် ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်း အား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာမှပြည်သူ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဖြစ်ပွားခဲ့သောမီးဘေးသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ နမ့်အွန်ကျေးရွာတွင် (၁၅-၁၀-၂၀၁၆)ရက်နေ့ ည(၁၀၃၀)အချိန်တွင်ဖြစ်ပွားခဲ့သောမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၅) သောင်း၊ သေဆုံးအမျိုးသမီး (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား (၁၇-၁၀-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆဌမအကြိမ်မြောက်ဖွံ့ဖြိုးရေးလူငယ်များ နှီးနှောဖလှယ်ပွဲတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ACT Alliance အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း
Source: MSWRR ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ဆဌမအကြိမ်မြောက်ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲ (6th National Fellow’s Ference) ကို ကျင်းပပြုလုပ်ခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်းကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆဌမအကြိမ်မြောက်ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲကို’’စစ်မှန်ခေါင်းဆောင်၊ပြည့်ကျိုးဆောင်’’ဆောင်ပုဒ်နှင့်ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရအဖွဲ့အသစ်အနေဖြင့် လူငယ် က@ာကိုအလေးထားဆောင်ရွက်နေကြောင်း၊ အနာဂတ်နိုင်ငံတာဝန်ကိုလက်ဆင့်ကမ်းအမွေအဖြစ် လူငယ်များကလက်ခံရမှာသောကြောင့် လူငယ်များအားစနစ်တကျစုစည်းပြီး မှန်ကန်သောမူဝါဒများဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ယနေ့ရောက်ရှိလာသောကျေးလက်ဖွံ့ဖြိုးရေးလူငယ်များနဲ့ အရပ် ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်အသီးသီးမှာကိုယ်စားလှယ်များကို အသိအမှတ်ပြု ဂုဏ်ပြုလိုပါကြောင်း၊ ယခုအခါ ပြည်သူများသည် … Read more
-
သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာ ပထဝီသတင်းအချက်အလက်နည်းပညာအခြေခံသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Disaster Preparedness Center (ADPC) တို့ ပူးပေါင်း၍ (၁၇-၁၀-၂၀၁၆) ရက်နေ့မှ(၂၁-၁၀-၂၀၁၆)ရက်နေ့အထိ “သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာပထဝီသတင်းအချက်အလက် နည်းပညာအခြေခံသင်တန်း” အား သင်တန်းသား (၂၀)ဦးဖြင့် မန်းမြန်မာဟိုတယ်၊ နေပြည်တော်တွင် (၁၇-၁၀-၂၀၁၆)ရက်နေ့နံနက်က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ ဖွင့်ပွဲတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဦးဝင်းထိန်ကျော် (ညွှန်ကြားရေးမှူး) က အဖွင့် အမှာစကားပြောကြား ခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းမှာ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပထဝီဝင်သတင်းအချက်အလက်စနစ်ကို အသုံးချနိုင်ရေး စွမ်းဆောင်ရည် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အောင်စိုးမိုးအမြန်ရေယာဥ်တိမ်းမှောက်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် (၁၅-၁၀-၂၀၁၆)ရက်နေ့က ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်း လာသော အောင်စိုးမိုးကျော်ရေယာဉ်တိမ်းမှောက်ခဲ့ရာ ဆားလင်းကြီးမြို့နယ်တွင် ကျား(၂)ဦး၊ မ (၂)ဦး၊ ကနီမြို့နယ်တွင် ကျား (၃)ဦး၊ မ(၁၈)ဦး၊ ဘုတလင်မြို့နယ်တွင် မ(၁)ဦး၊ ယင်းမာပင်မြို့နယ်တွင် မ(၂)ဦး၊ ချောင်းဦးမြို့နယ်တွင် ကျား (၄)ဦး၊ မ(၁)ဦးနှင့် မုံရွာမြို့နယ်တွင် မ(၂)ဦး စုစုပေါင်းလူဦးရေ ကျား (၉)ဦး၊ မ(၂၆)ဦးတို့အား သေဆုံးလျက်တွေ့ရှိရကြောင်း၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာ အနီးနစ်မြုပ်သွားသော အမြန်ရေယာဥ်အား (၁၆-၁၀-၂၀၁၆) ရက်နေ့တွင် ရှာဖွေတွေ့ရှိထားကြောင်း နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် … Read more
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ကျင်းပမှုသတင်း
(၁၃-၁၀-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNDP မှ မွန်/ကရင် ပြည်နယ်ညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေအားပြသခဲ့ပြီး မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ကာ အဆိုပါအခမ်းအနားသို့ လူဦးရေ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပမှုသတင်း
(၁၃- ၁၀-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း/အမှုထမ်းများ၊ တောင်ကြီးပညာရေးကောလိပ်မှ ကျောင်းသား /သူများ၊ UN,NGO,INGO,CSO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊စုစုပေါင်း လူဦးရေ (၂၅၀) ဦး … Read more
-
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် မိုးလေဝသအခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။ ရေပြင်လေ။ အနောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ – ၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။ လှိုင်းအခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် … Read more
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းလှကျေးရွာ “မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းလှကျေးရွာ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) နှင့် ADPC တို့ ပူးပေါင်း၍ “မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း” ကို (၁၁-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၁:၂၀) နာရီအချိန်ထိ ပြုလုပ်ခဲ့ရာ အဆိုပါဇတ်တိုက်လေ့ကျင့်ခန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ (၃၀၀) ဦးခန့် တက်ရောက်ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
