(၁၃- ၁၀-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း/အမှုထမ်းများ၊ တောင်ကြီးပညာရေးကောလိပ်မှ ကျောင်းသား /သူများ၊ UN,NGO,INGO,CSO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊စုစုပေါင်း လူဦးရေ (၂၅၀) ဦး တက်ရောက် ခဲ့ကာ အခမ်းအနားတွင် ဗမာ တိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ UNDP ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဖတ်ကြားခြင်း၊ ၂၀၁၆ခုနှစ် သဘာဝဘေးလျော့ပါးရေးနေ့ ဗီဒီယိုဖိုင်ပြသခြင်း၊ ခင်းကျင်းပြသ ထားသောသဘာဝ ဘေးလျော့ပါးရေးမှတ်တမ်းဓါတ်ပုံများအား ကြည်ရှု့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)