ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းလှကျေးရွာ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) နှင့် ADPC တို့ ပူးပေါင်း၍ “မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း” ကို (၁၁-၁၀-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၁:၂၀) နာရီအချိန်ထိ ပြုလုပ်ခဲ့ရာ အဆိုပါဇတ်တိုက်လေ့ကျင့်ခန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ (၃၀၀) ဦးခန့် တက်ရောက်ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)