ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် (၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေဝသအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။
ရေပြင်လေ။ အနောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၁၀ – ၁၅)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေဝသအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ တောင် (သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅ – ၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
Source: DMH

Sign Up

Upcoming Events