သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာ ပထဝီသတင်းအချက်အလက်နည်းပညာအခြေခံသင်တန်းဖွင့်လှစ်မှု သတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Disaster Preparedness Center (ADPC) တို့ ပူးပေါင်း၍ (၁၇-၁၀-၂၀၁၆) ရက်နေ့မှ(၂၁-၁၀-၂၀၁၆)ရက်နေ့အထိ “သဘာ၀ဘေးလျော့ပါးရေးဆိုင်ရာပထဝီသတင်းအချက်အလက် နည်းပညာအခြေခံသင်တန်း” အား သင်တန်းသား (၂၀)ဦးဖြင့် မန်းမြန်မာဟိုတယ်၊ နေပြည်တော်တွင် (၁၇-၁၀-၂၀၁၆)ရက်နေ့နံနက်က ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ ဖွင့်ပွဲတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဦးဝင်းထိန်ကျော် (ညွှန်ကြားရေးမှူး) က အဖွင့် အမှာစကားပြောကြား ခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းမှာ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပထဝီဝင်သတင်းအချက်အလက်စနစ်ကို အသုံးချနိုင်ရေး စွမ်းဆောင်ရည် တည်ဆောက်သည့်အစီအစဉ်” အဖြစ်နဲ့ ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events