စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အောင်စိုးမိုးအမြန်ရေယာဥ်တိမ်းမှောက်မှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် (၁၅-၁၀-၂၀၁၆)ရက်နေ့က ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်း လာသော အောင်စိုးမိုးကျော်ရေယာဉ်တိမ်းမှောက်ခဲ့ရာ ဆားလင်းကြီးမြို့နယ်တွင် ကျား(၂)ဦး၊ မ (၂)ဦး၊ ကနီမြို့နယ်တွင် ကျား (၃)ဦး၊ မ(၁၈)ဦး၊ ဘုတလင်မြို့နယ်တွင် မ(၁)ဦး၊ ယင်းမာပင်မြို့နယ်တွင် မ(၂)ဦး၊ ချောင်းဦးမြို့နယ်တွင် ကျား (၄)ဦး၊ မ(၁)ဦးနှင်‌့ မုံရွာမြို့နယ်တွင် မ(၂)ဦး စုစုပေါင်းလူဦးရေ ကျား (၉)ဦး၊ မ(၂၆)ဦးတို့အား သေဆုံးလျက်တွေ့ရှိရကြောင်း၊ ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာ အနီးနစ်မြုပ်သွားသော အမြန်ရေယာဥ်အား (၁၆-၁၀-၂၀၁၆) ရက်နေ့တွင် ရှာဖွေတွေ့ရှိထားကြောင်း နှင်‌့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင်‌့အတူ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးသည် ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ခရီးထွက်ခွာလျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events