မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ကျင်းပမှုသတင်း

m2

 

(၁၃-၁၀-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNDP မှ မွန်/ကရင် ပြည်နယ်ညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် သဘာဝဘေးမှတ်တမ်းဗီဒီယိုခွေအားပြသခဲ့ပြီး မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ကာ အဆိုပါအခမ်းအနားသို့ လူဦးရေ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events