ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရှမ်းပြည်နယ်ဦးစီးမှူးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ နမ့်အွန်ကျေးရွာတွင် (၁၅-၁၀-၂၀၁၆)ရက်နေ့ ည(၁၀၃၀)အချိန်တွင်ဖြစ်ပွားခဲ့သောမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၅) သောင်း၊ သေဆုံးအမျိုးသမီး (၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား (၁၇-၁၀-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။