Source: MSWRR
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ဆဌမအကြိမ်မြောက်ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲ (6th National Fellow’s Ference) ကို ကျင်းပပြုလုပ်ခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်းကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆဌမအကြိမ်မြောက်ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲကို’’စစ်မှန်ခေါင်းဆောင်၊ပြည့်ကျိုးဆောင်’’ဆောင်ပုဒ်နှင့်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မြန်မာနိုင်ငံအစိုးရအဖွဲ့အသစ်အနေဖြင့် လူငယ် က@ာကိုအလေးထားဆောင်ရွက်နေကြောင်း၊ အနာဂတ်နိုင်ငံတာဝန်ကိုလက်ဆင့်ကမ်းအမွေအဖြစ် လူငယ်များကလက်ခံရမှာသောကြောင့် လူငယ်များအားစနစ်တကျစုစည်းပြီး မှန်ကန်သောမူဝါဒများဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ယနေ့ရောက်ရှိလာသောကျေးလက်ဖွံ့ဖြိုးရေးလူငယ်များနဲ့ အရပ် ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်အသီးသီးမှာကိုယ်စားလှယ်များကို အသိအမှတ်ပြု ဂုဏ်ပြုလိုပါကြောင်း၊ ယခုအခါ ပြည်သူများသည် ကောင်းမွန်သောအပြောင်းအလဲကို လိုချင်ကြပါ ကြောင်း၊ ထိုသို့ပြောင်းလဲအောင်ဆောင်ရွက်ရာတွင် ပြည်သူကိုပင်အခြေပြုရမည်ကြောင်း၊ကျေးလက်ဖွံ့ဖြိုးရေးလူငယ်များသည်ပြည်သူလူထုလူငယ်များဖြစ်သလိုပြည်သူလူထုကဦးဆောင်တဲ့ဖွံ့ဖြိုးရေးဖြစ်လာစေရန် ယခုလိုရပ်ရွာအတွင်းစည်းလုံးညီညွတ်မှုရှိအောင်ဆောင်ရွက်ခြင်း၊ပြည်သူလူထုပူးပေါင်းပါဝင်သောသုံးသပ်လေ့လာမှုများပြုလုပ်ခြင်း၊ပြည်သူလူထုဦးဆောင်သောလူထုအခြေပြုဖွံ့ဖြိုးရေးလုပ်ငန်းများပေါ်ထွန်းလာအောင်ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းတွေမှာကိုယ်ကျိုးကိုပဓာနမထားပဲဒေသအသီးသီးမှာစွမ်းစွမ်းတမံဆောင်ရွက်နေကြခြင်းဖြင့်ပြည်သူလူထုအြခေပြုပြောင်းလဲတိုးတက်မှုများကိုဖေါ်ဆောင်နေကြပြီဖြစ်ကြောင်း၊လူငယ်များသည် အနာဂါတ်တွင် မိမိတို့ရပ်ရွာနဲ့ပြည်သူတွေအတွက် ခေါင်းဆောင်ကောင်းများဖြစ်လာကြလိမ့်မယ်လို့လည်းယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါ ဖွံ့ဖြိုးရေးလူငယ်များနှီးနှောဖလှယ်ပွဲသို့တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှဖွံ့ဖြိုးရေးလူငယ်များ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ စုစုပေါင်းလူငယ်(၆၀၀)ကျော်ခန့်တက်ရောက်ကြ၍ လူငယ်များအကြားဒေသဆိုင်ရာအတွေ့အကြုံများဖလှယ်ကြမည်ဖြစ်ပြီးတစ်ဦးနှင့်တစ်ဦးယုံကြည်မှုတစ်သားတည်းရှိမှုနှင့်ငြိမ်းချမ်းရေးအတွက်လည်းအပြန်အလှန်ဖလှယ်ကြမည်ဖြစ်ပါသည်။ အဆိုပါ ဖွံ့ဖြိုးရေးလူငယ် များနှီးနှောဖလှယ်ပွဲကို ၂၀၁၆အောက်တိုဘာလ(၁၈)ရက်နေ့မှ(၂၀)ရက်နေ့အထိ(၃)ရက်တာကျင်းပသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ(၂း၃၀)နာရီအချိန်တွင်ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သဘာဝဘေးဒဏ်လျော့ပါးရေးလုပ်ငန်းများနှင့် လူမှုဝန်ထမ်းလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ (INGO )နှင့် နားလည်မှုစာချွန်လွှှာများရေးထိုးထားသည့် နိုင်ငံပေါင်း (၁၄၀)တွင် လူသားချင်းစာနာကူညီမှုလုပ်ငန်းများဆောင်ရွက်ရန် မိတ်ဖက်ဖွဲ့စည်းထားသော ACT Alliance အဖွဲ့ဝင်များဖြစ်ကြသည့် Lutherand World Federation, Dan Church Aid, Christian Aid , Diakonia, Church World Services အဖွဲ့များနှင့် ဝန်ကြီးဌာနနှင့် MoU မရေးထိုးထားသော်လည်း ACT Allianceအဖွဲ့ဝင်ဖြစ်သည့် Finn Church Aid တို့မှ ကိုယ်စားလှယ်များကလာရောက် တွေ့ဆုံဂါရဝပြုခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ACT Alliance အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက် နိုင်ပါရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင် ACT Allianceအဖွဲ့ဝင် INGO(၁၀)ဖွဲ့တို့သည် မိမိတို့အဖွဲ့အလိုက် လုပ်ငန်းအမျိုးမျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများပတ်သက်၍ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။