Author Archives: RRD
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား သြစတြီးယားဘဏ် အဖွဲ့အစည်းနှင့် ဗြိတိန်နိုင်ငံ၊ University of Wolverhampton(UK) တို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာလ(၂၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား သြစတြီးယားဘဏ် အဖွဲ့အစည်းမှ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးထွန်းအောင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ သြစတြီးယားကုမ္ပဏီများမှ ထုတ်လုပ်သော မီးသတ်ယာဉ်များ၊ သဘာဝဘေးအန္တရာယ်များမှ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများ၊ သြစတြီးယားကုမ္ပဏီများမှ မသန်စွမ်းသူများ အတွက် နည်းပညာအထောက်အကူပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ အကြောင်းအားလည်းကောင်း၊ … Read more
-
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာ ကြွက်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်သည် (၁၉-၁၁-၂၀၁၆) ရက်နေ့တွင် ဖယ်ခုံမြို့နယ် ဆီဘူးကျေးရွာ၌ ကျင်းပပြုလုပ်သော ကြွက်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရပခတိုင်းမှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် စစ်ဖက်နယ်ဖက်မှ တာဝန်ရှိသူများ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး လူမှု/ ကယ်ဆယ်ဝန်ကြီးဌာနမှ ဆန်ဘိုးထောက်ပံ့ငွေ (၂၈၉၈၂၄၀၀) အပါအဝင် ငွေသားစုစုပေါင်း (၁၀၁၆၃၂၄၀၀) ၊ ဆန်အိတ် (၅၀၀) အိတ်၊ ခေါက်ဆွဲခြောက် (၆၀) ဖာ၊ အနွေးထည် (၂၈၂၆) ထည်နှင့် စောင် (၂၈၂၆) … Read more
-
တပ်ကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၇၉) ဦးအတွက် (၂၁-၁၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၅၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ် (၇၁၁၀၀) နှင့်အဝတ်အထည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ လတ်တလောလိုအပ်သော စားနပ်ရိက္ခာများထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စစ်တွေမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ UNHCR ကိုယ်စားလှယ် Mrs. Urara Furukawa နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ရောက်ရှိကြပြီး မောင်တောမြို့နယ်အတွင်းရှိ ပန်းတောပြင်၊ တပ်ဦးချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်း၊ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ငြိမ်းချမ်းရေးကျေးရွာများရှိ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်လျက်ရှိသည့် ဆန်၊ ဆီ၊ ပဲနှင့် အိမ်သုံးဆားတို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ … Read more
-
မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးမှုသတင်း
မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) နှင့် မောင်တောခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေးအတွက် ၄င်းတို့ခေတ္တခိုလှုံနေသည့် ဘူးသီးတောင်မြို့ရှိ သုဓမ္မာရုံဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ (၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပြီး (၁၉-၁၁-၂၀၁၆) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် အဆိုပါတိမ်းရှောင်လာသည့် အိမ်ထောင်စု (၄၀) စုမှ ကျား (၅၄) ဦး၊ မ (၆၁) ဦး စုစုပေါင်းလူဦးရေ (၁၁၅) ဦးအတွက် ဆန် (၃) အိတ်နှင့် ခေါက်ဆွဲခြောက် (၂၄၀) ထုပ်တို့ကို မောင်တောခရိုင်ဦးစီးမှူးရုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှုအထောက်အပံ့များကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယနေ့ကျင်းပသော စစ်တွေမြို့ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လတ်တလောဖြစ်ပေါ်နေသော အခြေနေများနှင့်ပတ်သက်ပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နေကြောင်း၊ ကြုံတွေ့ခံစားနေရသောအခက်အခဲကို မကြီးထွားစေဘဲ သတိကြီးစွာဖြင့် ဆောင်ရွက်ကြရန်၊ … Read more
-
ပြည်ထောင်စုနယ်မြေအတွင်း ရေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၃) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းနှင့် ဆန်ဖိုးငွေ (၆၅၇၀၀) ကျပ်တိတိကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၆၀) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ဆန်ဖိုးငွေ (၅၄၀၀၀) ကျပ်တိတိကိုလည်ကောင်း၊ … Read more
-
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၈-၁၁-၂၀၁၆) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အထက ၄ ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဟောပြောခဲ့ပြီး သဘာဝဘေးအသိပညာပေး Video များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူ (၄၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များနှင့် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များအနေနဲ့ ဒီအခြေအနေရောက်အောင် အများကြီးဖြတ်သန်းခဲ့ရကြောင်း၊ အစိုးရသစ်စတင်တာဝန်ထမ်းဆောင်ကတည်းက လူငယ်တွေအရေးကို ဦးစားပေးအနေနဲ့ဆောင်ရွက်ရမည်ဟု သဘောထားခဲ့သည့်အတွက် ရက် (၁၀၀) စီမံချက်၏ထိပ်ဆုံးစီမံချက်အနေဖြင့် လူငယ်မူဝါဒရေးဆွဲရေးကို ထည့်သွင်းရေးဆွဲခဲ့ပါ ကြောင်း၊ လူငယ်မူဝါဒရေးဆွဲရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းဆောင်ရွက်ရမည့်ဝန်ကြီးဌာန (၃) ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ Focal Ministry … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ တွင်် (၁၃/၁၄-၇-၂၀၁၆)ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၀)စုအား အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/) ကျပ်အားလည်းကောင်း၊ (၆/၁၆-၁၁–၂၀၁၆) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ(၆၂)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ (၅၅၈၀၀ိ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား လည်းကောင်း ၁၈-၁၁-၂၀၁၆ ရက်နေ့တွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူ များ၏ … Read more
