ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်သည် (၁၉-၁၁-၂၀၁၆) ရက်နေ့တွင် ဖယ်ခုံမြို့နယ် ဆီဘူးကျေးရွာ၌ ကျင်းပပြုလုပ်သော ကြွက်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရပခတိုင်းမှူး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် စစ်ဖက်နယ်ဖက်မှ တာဝန်ရှိသူများ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး လူမှု/ ကယ်ဆယ်ဝန်ကြီးဌာနမှ ဆန်ဘိုးထောက်ပံ့ငွေ (၂၈၉၈၂၄၀၀) အပါအဝင် ငွေသားစုစုပေါင်း (၁၀၁၆၃၂၄၀၀) ၊ ဆန်အိတ် (၅၀၀) အိတ်၊ ခေါက်ဆွဲခြောက် (၆၀) ဖာ၊ အနွေးထည် (၂၈၂၆) ထည်နှင့် စောင် (၂၈၂၆) ထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)