(၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၇၃) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄) သိန်းနှင့် ဆန်ဖိုးငွေ (၆၅၇၀၀) ကျပ်တိတိကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၆၀) ဦးအတွက် အဝတ်ထုပ် (၃) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ဆန်ဖိုးငွေ (၅၄၀၀၀) ကျပ်တိတိကိုလည်ကောင်း၊ ဥတ္တရသီရိမြို့နယ်များအတွင်း ရေဘေးသင့်အိမ်ထောင်စု (၂၉) စုမှ လူဦးရေ (၁၁၈) ဦးအတွက် အဝတ်ထုပ် (၅) ထုပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၅၀၀၀၀) ကျပ်နှင့် ဆန်ဖိုးငွေ (၁၀၆၂၀၀) ကျပ်တိတိတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)