လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ လတ်တလောလိုအပ်သော စားနပ်ရိက္ခာများထောက်ပံ့ပေးမှုသတင်း

 

21_pic01

ရခိုင်ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် စစ်တွေမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ UNHCR ကိုယ်စားလှယ် Mrs. Urara Furukawa နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ရောက်ရှိကြပြီး မောင်တောမြို့နယ်အတွင်းရှိ ပန်းတောပြင်၊ တပ်ဦးချောင်း၊ ဂေါ်ဒူသာရ၊ ဥဒေါင်း၊ အောင်ဇေယျ၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ငြိမ်းချမ်းရေးကျေးရွာများရှိ ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး လတ်တလောလိုအပ်လျက်ရှိသည့် ဆန်၊ ဆီ၊ ပဲနှင့် အိမ်သုံးဆားတို့ကို ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း စစ်တွေမြို့၊ ပြည်သူ့ဆေးရုံနှင့် မောင်တောမြို့ပြည်သူ့ဆေးရုံများသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်ကလေးလူနာများအား ကြည့်ရှုအားပေးစကား‌ပြောကြားကာ ထောက်ပံ့မှုပေးရန်လိုအပ်သော ကလေးလူနာများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် (၁၉.၁၁.၂၀၁၆) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့ သုဓမ္မာရံ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ပြည်သူ (၁၁၅) ဦးအား ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events