မောင်တောမြို့ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများအား ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) နှင့် မောင်တောခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် လိုအပ်သည်များထောက်ပံ့ပေးနိုင်ရေးအတွက် ၄င်းတို့ခေတ္တခိုလှုံနေသည့် ဘူးသီးတောင်မြို့ရှိ သုဓမ္မာရုံဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ (၁၈-၁၁-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပြီး (၁၉-၁၁-၂၀၁၆) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် အဆိုပါတိမ်းရှောင်လာသည့် အိမ်ထောင်စု (၄၀) စုမှ ကျား (၅၄) ဦး၊ မ (၆၁) ဦး စုစုပေါင်းလူဦးရေ (၁၁၅) ဦးအတွက် ဆန် (၃) အိတ်နှင့် ခေါက်ဆွဲခြောက် (၂၄၀) ထုပ်တို့ကို မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ဘူးသီးတောင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိများသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)