မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာ တွင်် (၁၃/၁၄-၇-၂၀၁၆)ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၀)စုအား အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/) ကျပ်အားလည်းကောင်း၊ (၆/၁၆-၁၁–၂၀၁၆) ရက်နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ(၆၂)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး(၃)ရက်စာ (၅၅၈၀၀ိ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးတို့အား လည်းကောင်း ၁၈-၁၁-၂၀၁၆ ရက်နေ့တွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူ များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)