Author Archives: RRD

  • ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဒဿမအကြိမ်မြောက် ဝန်ကြီးဌာနမိသားစုဘုံကထိန်ဆက်ကပ်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ်မြောက်ဝန်ကြီးဌာန မိသားစုဘုံကထိန်ကျင်းပဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ တံခွန်တိုင်ကျောင်းတိုက် ဆရာတော်ဒေါက်တာဘန္တဝါယမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားတော်မူကြပါသည်။ ထို့နောက် … Read more

  • ရေဘေးသင့်ဒေသများအတွက် အလှူငွေများ ဆက်လက်လှူဒါန်းမှုသတင်း

    ၂၀၁၅ခုနှစ် ဇွန်လ မှ အောက်တိုဘာလထိ ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ Myanmar Land and Development Co. Ltd. မှ (၁၀၀) သိန်း၊  အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အရာရှိစစ်သည်များမိသားစုများမှ (၁၁) သိန်းနှင့် ဦးအောင်လင်း+ဒေါ်ခင်သန်းနွဲ့ ဆရာခို ဓောဓံဓတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး၊ရန်ကုန်မြို့ မှ … Read more

  • ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့် အဝတ်အထည်များ လှူဒါန်းမှုသတင်း

    ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့် အဝတ်အထည်များ လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ အလှူရှင် မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစေတနာရှင်များမှ အလှူငွေများကို ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် တို့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ … Read more

Sign Up

Upcoming Events